ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်ကို ဘုရားဖူးလာရောက်ရင်း ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူတယောက်ရဲ့ ရုပ်အလောင်း ဧပြီ ၁ ရက် ဒီနေ့ မနက် ၇ နာရီခွဲလောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီက သိရပါတယ်။ မတ်လ ၃၀ ရက်က ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇွဲကပင်တောင်တက်လမ်း၊ အထက်ရေတံခွန်အလွန်၊ ဘုရားလေးအနီးရှိ မရမ်းပင်အောက်မှာ သစ်ရွက်တွေနဲ့ ဖုံးအုပ်လျက်သား ဘားအံမြို့နယ်မီးသတ်ဦးစီဌာနတပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၊ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းရှာဖွေ့ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့တာပါ။ အလောင်းပြန်လည်တွေ့ရှိချိန် သေဆုံးသူရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေ့ရှိခဲ့ရပြီး အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာပို့ဆောင်ထားပါတယ်။ သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက “ဒီနေ့မနက်မှာ ပြန်တွေ့တယ်။ အလောင်းကိုတော့ သစ်ရွက်တွေနဲ့ ဖုံးထားလျက် တွေ့ရတယ်။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာတွေတယ်။ ရုပ်အလောင်းကိုတော့ ဆေးရုံကြီးကို […]