Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနားမြို့တွင် ညတိုင်းနီးပါး ဗုံးပေါက်ကွဲမှုဖြစ်


Link [2022-04-01 12:53:15]



ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာ မတ် ၂၅ ရက်ကစပြီး ညစဉ်ညတိုင်းနီးပါး ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ် ဗုံးပေါက်ကွဲတာတွေဟာ တလုံးတည်း ပေါက်ကွဲတာမဟုတ်ဘဲ နေရာနဲ့အချိန် မတူညီဘဲ အနည်းဆုံး မိုင်းနှစ်လုံးလောက်‌ ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြောပါတယ်။ “ညတိုင်းလိုလို ကြားနေရတယ်၊ လေး ငါး ခြောက်ရက်ရှိပြီ၊ ဟို မြို့ပေါ် နေရာတိုင်းလိုလိုပေါက်တာ၊ တညမှာ အနည်းဆုံး နှစ်လုံးပဲ၊ တခါတလေ သုံးလေးလုံးပေါက်သလို အသံတွေ ကြားနေရတာ ညတိုင်းပဲ။” နေ့တိုင်း ဗုံးပေါက်ကွဲမှုတွေ ရှိနေပေမယ့်လည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှုတော့ နည်းပါးတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့ခံတွေရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အသံဗုံးပေါက်ကွဲမှုတွေသာ ဖြစ်တယ်လို့ […]

Most Read

2024-09-21 12:38:52