Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွား၊ နေအိမ် ၂ လုံးပြိုကျပျက်စီးပြီး ဒေသခံများ တိမ်းရှောင်နေရ


Link [2022-04-01 01:14:34]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်းကျေးရွာအနီးမှာ မတ် ၃၀ ရက် ည ၉ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတွေက လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် တောင်ကြာအင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့တဲ့အပြင် တောင်ပေါ်ကျောင်းစေတီကိုပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ […]

Most Read

2024-09-21 12:39:49