Breaking News >> News >> Democratic Voice of Burma


ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသားများ၏ ပြည်သူနှင့် ရဲဘော်များထံ ပေးစာ ၂


Link [2022-04-01 01:14:34]



သို့/  ရဲဘော်အပေါင်းတို့… အသက်ပေးပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ရဲဘော်များနဲ့ မိဘပြည်သူများကို ကျနော်တို့ (နိုင်ကျဥ်း)တွေက အမြဲဆုတောင်းပေးနေပါတယ်။ ကျနော်တို့ဟာ ခံယူချက်၊ လုပ်ဆောင်ချက်တွေ မတူနိုင်ပေမဲ့ လိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ဟာ အတူတူပဲမို့ ခံစားချက်ချင်း၊ နာကြည်းချက်ချင်း တူကြမယ်လို့ယုံကြည်ပါတယ်။ ကျ​နော်တို့တွေရဲ့ရန်သူဟာ ‘စစ်အာဏာရှင်စနစ်’ တခုတည်းပါ။ တော်လှန်ရေးအဖွဲ့တွေ သီးခြားဖြစ်နေတာဟာ၊ ခံယူချက်မတူတာဟာ၊ လုပ်ဆောင်ချက်မတူတာဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ ကိုယ့်ရဲ့ လုပ်ဆောင်ရမည့်တာဝန်ကိုသာ ထိရောက်အောင်လုပ်ဆောင်ပါ။ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ အချိန်ကုန်ရတာထက် အချင်းချင်းညှိယူဖို့ တိုက်တွန်းချင်ပါတယ်။ အချင်းချင်း တိုက်ခိုက်မနေပါနဲ့လို့ ပြောရတာ အားနာပေမယ့် အားမနာတမ်းပြောရမယ့် အဖွဲ့တွေလည်း ရှိတယ်ဆိုတာ ရဲဘော်တို့အသိပါပဲ။ ကျနော်တို့ ရဲဘော်တို့ဟာ ပြည်သူတွေပါ။ ဒီပွဲဟာ ပြည်သူတွေအပေါ် မတရားအုပ်ချုပ်နေတဲ့၊ ခေတ်အဆက်ဆက်ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ပွဲပါ။ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တာမို့ […]

Most Read

2024-09-21 12:48:25