Breaking News >> News >> Democratic Voice of Burma


ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတလျှောက် တရားမဝင် ရွှေတူးဖော်မှု ပိုများလာ


Link [2022-04-01 01:14:34]



ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းတလျှောက် စက်ယန္တာရားကြီးတွေနဲ့ ရွှေတူး‌ဖော်မှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအချိန်ကနေ မြစ်ကြောင်းတလျှောက် တစတစနဲ့ ပိုမိုများပြားလာပြီး ပြည်သူလူထုက မလိုလား ဝေဖန်မှုတွေ ရှိနေပေမဲ့ ‌‌စက်ယန္တရား ထောင်ချီနဲ့ တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဗန်းမော်တကြော သိသိသာသာ များလာတာက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပိုများလာတယ်။ အခုခြေအနေနဲ့က နည်းသွားတာလည်း မရှိဘူး၊ များလာတာလည်းမရှိဘူး၊ ရှိနေတဲ့ ဖောင်တွေနဲ့ ဆက်တူးနေကြတာပဲ။ ပြည်သူလူထုက ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် တားပေးမယ့်သူ မရှိ‌တော့ ဒီအတိုင်းပဲ ဆက်တူးနေကြတာပေါ့” လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။ မြစ်ကြောင်းတလျှောက် […]

Most Read

2024-09-21 12:30:54