Breaking News >> News >> Democratic Voice of Burma


စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကာဘိုးဆည်ရေ ဖြတ်တောက်ထားသဖြင့် နွေစပါးစိုက်ရန် အခက်ကြုံ


Link [2022-04-01 01:14:34]



စစ်ကိုင်းတိုင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ မူးမြစ်ကို အမှီပြုထားတဲ့ ကာဘိုးဆည်ရေကို စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ နွေစပါးစိုက်ဖို့ ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ကာဘိုးဆည်ထဲမှာ ရေအင်အား လုံလုံလောက်လောက် ရှိနေပေမဲ့ ဆည်ရေသောက် ဧရိယာတွေဆီ ရေမရောက်လာဘူးလို့ ရေဦးဒေသခံတယောက်က ပြောပါတယ်။ “စိုက်ပျိုးရေးအခြေအနေက မကောင်းဘူးဗျ။ မူးမြစ်ကရေကိုတောင် ဖြတ်ထားတယ်။ မူးရေက ဖြတ်တာက အခါတိုင်း ပုံမှန်ပေးနေကsအတိုင်း မပေးဘဲ ဟိုနည်းနည်း ဒီနည်းနည်းပဲပေးတော့ ပြွန်တွေထဲ ရေမတက်တော့ဘူး။ ပေးတယ်ဆိုရုံ ပေးတာဗျ။ စပါးစိုက်တော့ အခက်အခဲ ဖြစ်တာပေါ့။ အဓိကကတော့ ကာဘိုးဆည်ရေသောက် ဧရိယာတွေပေါ့။ ရွှေဘို၊ ခင်ဦးနယ်တွေလည်း ပါမယ်။ ကာဘိုးဆည် လက်ယာတူးမြောင်း အပိုင်းပေါ့။ မတ်လ ၂၃၊ ၂၄ လောက်ကနေ အဲဒီလို […]

Most Read

2024-09-21 12:45:47