Breaking News >> News >> Democratic Voice of Burma


ထိုင်းမင်္ဂလာဆောင်တွင် ဘတ်ငွေ ၁ သန်းပျောက်ဆုံးမှု ဖြစ်ရပ်မှန်ပေါ်ပေါက်


Link [2022-03-31 13:33:12]



ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်မြို့က  မင်္ဂလာပွဲတစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတို့သမီး တင်တောင်းငွေ ဘတ် ၁ သန်းပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်စုံစမ်း သိရှိရပြီလို့ ကမ်ဖိုင်ဖစ်ရဲစခန်းက  ပြောပါတယ်။  အဆိုပါငွေ ၁ သန်းကို ဘယ်သူကမှခိုးယူတာမဟုတ်ဘဲ သတို့သမီးနဲ့ သတို့သားတို့ကိုယ်တိုင် သိမ်းဆည်းထားခြင်းသာဖြစ်ကြောင်း ၊ ဒါပေမဲ့ အဲဒီငွေဟာ သတို့သားရဲ့ကိုယ်ပိုင်ငွေမဟုတ်ဘဲ မင်္ဂလာပွဲတင့်တယ်စေဖို့ ဝန်ဆောင်မှုလုပ်ငန်းကနေ ငှါးရမ်းထားတဲ့ ငွေထုပ်သာဖြစ်ပြီး အခမ်းအနားပြီးတော့ ပြန်အပ်လိုက်ရတဲ့သဘောသာ ဖြစ်တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဒုရဲမှူးကြီး ဧကနုတ် ကျန်ထဆွန်က သတင်းထောက်တွေကို ပြောပါတယ်။  ငွေထုပ်ပျောက်တယ်လို့ သတို့သမီး မိခင်က ဓာတ်ပုံဆရာကို မသင်္ကာတဲ့ပုံစံနဲ့ အော်ငေါက်စဉ် အနီးနားမှာ သတို့သားနဲ့ သတို့သမီးလည်းရှိနေကြောင်း ဒါပေမဲ့ သူတို့က ငွေထုပ်ငှါးလာတဲ့ အကြောင်း မိဘကို မသိစေချင်လို့ ရေငုံနှုတ်ပိတ်နေတာဖြစ်ပြီး နောက်ဆုံးသတင်းက […]

Most Read

2024-09-21 12:56:03