Breaking News >> News >> Democratic Voice of Burma


၁၀ တန်းစာမေးပွဲများ စတင်ဖြေဆို၊ စာသင်ကျောင်းများအနီး လုံခြုံရေးတင်းကျပ်ချထား


Link [2022-03-31 13:33:12]



စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ၂၀၂၁-၂၂ ခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၃၁ ရက် ဒီနေ့မနက်က မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ရဲနဲ့ စစ်သား လုံခြုံရေးတွေ တင်းကျပ်ချထားပြီး  စတင်ကျင်းပနေပါတယ်။ ဒီနှစ်မှာဖြေဆိုတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်ဖွင့်လှစ်ဖြေဆိုမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနက ကြေညာခဲ့ပေမဲ့ ရန်ကုန်မှာတော့ စာစစ်ဌာနအရေအတွက်က သိသိသာသာလျော့နည်းသွားပါတယ်။ ပုံမှန်ဖွင့်လှစ်နေကျဖြစ်တဲ့ စာစစ်ဌာနတွေက ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ ကျောင်း ၁၀ ကျောင်းကို တစ်ကျောင်းတည်းပေါင်းပြီး စာစစ်ဌာနတစ်ခုအဖြစ်သာ ဖွင့်လှစ်ထားရပါတယ်။ အရင်က စာမေးပွဲဖြေတဲ့နေ့မှာ မီးသတ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေလောက်သာ လုံခြုံရေးရယူပေးခဲ့ရပေမဲ့ ဒီနှစ်မှာတော့ ရဲ၊ စစ်သား၊ယာဥ်ထိန်းရဲ ၊ စစ်တပ်ကခန့်ထားတဲ့ ရပ်ကျေးအဖွဲ့ အင်အားအများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားပါတယ်။ စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းအကြိုအပို့ကားတွေနဲ့ လိုက်လံစုစည်းပြီး စာစစ်ဌာနရှိရာကို […]

Most Read

2024-09-21 12:40:50