Breaking News >> News >> Democratic Voice of Burma


ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု တိုးနေပြီး အသွားအလာ ကန့်သတ်ထား


Link [2022-03-31 01:54:26]



လူဦးရေ ၂၆ သန်းရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့မှာ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံဦးရေ သုံးပုံတပုံထိ တိုးလာနေပြီး အသွားအလာကန့်သတ် လော့ဒေါင်းချထားတာ ၃ ရက်ရှိပြီ ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာတွေကို ကုန်စည်ပြခန်းကို ပုံပြောင်းထားတဲ့ ယာယီဆေးရုံမှာ  ကုသပေးနေတယ်လို့ အစိုးရရုပ်သံ စီစီတီဗွီက မတ် ၃၀ ရက်မှာ အစီရင်ခံပါတယ်။ ကူးစက်ခံတွေ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးဖို့ အရှေ့ဘက် ဘဏ္ဍာရေးနဲ့ စက်မှုခရိုင် ပူဒေါင်ကနေ သမိုင်းဝင် ဗဟိုဌာနထိ ဟွမ်ပူမြစ်တလျှောက် မြို့ကို အာဏာပိုင်တွေက ၂ ပိုင်းခွဲထားပါတယ်။ မတ် ၂၆ ရက်ကစပြီး အရှေ့ပိုင်းက ဒေသခံတွေဟာ လော့ဒေါင်းချခံထားရပြီး အနောက်ပိုင်းက လူတွေကတော့ ဧပြီ ၁ ရက်ကစလို့ […]

Most Read

2024-09-21 14:53:00