Breaking News >> News >> Democratic Voice of Burma


မြန်မာပြည်တွင်း အကြမ်းဖက်မှုများအပေါ် အမေရိကန်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့ အထူးစိုးရိမ်


Link [2022-03-30 14:13:42]



အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းခဲ့မှုကြောင့် မြန်မာပြည်တွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် အထူးပင် စိုးရိမ်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်ကာပူဝန်ကြီးချုပ်တို့က အထူးစိုးရိမ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်နဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ မတ်လ ၂၉ ရက်က အမေရိကန်သမ္မတအိမ်ဖြူတော်မှာတွေ့ဆုံပြီးနောက် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်က “မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ဆယ်စုနှစ်တခုစာ ဒီမိုကရေစီနဲ့ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုတွေကို ပြောင်းပြန်လန်စေခဲ့တဲ့ စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ဆက်လက်ခံစားနေရတဲ့ အကြမ်းဖက်မှုတွေကြောင့် ကျနော်တို့ နှစ်ယောက်လုံး အလွန်စိုးရိမ်ပူပန်မိပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။ ခေါင်းဆာင် နှစ်ယောက် တွေ့ဆုံရာမှာတော့ အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသ […]

Most Read

2024-09-21 14:37:52