Breaking News >> News >> Democratic Voice of Burma


ကလေးနှင့် ယင်းမာပင်မြို့များမှ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ


Link [2022-03-30 14:13:42]



စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ယင်းမာပင်မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနဲ့ ချောင်းခွ စတဲ့ အနီးအနားရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ကလေးမြို့ပေါ် ရောက်ရှိလာကြတဲ့ စစ်ရှောင်တွေဟာ ဆွေမျိုးအိမ်မှာ ခိုလှုံနေကြ‌တာတွေ ရှိကြသလို အိမ်ငှားနေထိုင်တဲ့ သူတွေလည်း ရှိကြပါတယ်။သူတို့ဟာ နေရပ်စွန့်ခွာပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတဲ့အပြင် ငွေကြေးအလုံအလောက် မရှိတာကြောင့် အိမ်ငှားရမ်းခ ပေးနေရတာတွေပါ အခက်အခဲ ဖြစ်နေသလို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းနဲ့ ပရဟိတအသင်းတွေလည်း မရှိတာကြောင့် ပိုပြီးခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းကျေးရွာအတွင်းက လူနေအိမ်တွေကို […]

Most Read

2024-09-21 14:35:17