Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့လိုက်ပါလာသည့် ရထား မိုင်းခွဲတိုက်ခိုက်ခံရ


Link [2022-03-30 14:13:42]



စစ်ကောင်စီဆက်ဆံရေးအရာရှိအပါအဝင် စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့ လိုက်ပါလာတဲ့ ရထားတစီး  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို ထွက်ခွာလာစဉ် မတ်လ ၂၉ ရက်မနက်က  ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။ ဂုတ်ထိပ်တံတားမှာ မှတ်တမ်းဓာတ်ပုံဗီဒီယိုတွေ ရိုက်ကူးပြီးပြန်လာတဲ့ ရထားအမှတ် DDUEZ 12370 လူစီးရထားဟာ မနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်လောက်က   ဂန့်ဂေါနဲ့ ဆင်လမ်းစုကျေးရွာအကြားမှာ ရီမုမိုင်း ၁ လုံးနဲ့ အဝေးမှဖောက်ခွဲတိုက်ခိုက်ခံရတာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။  မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မီးရထားပေါ်မှာတော့  စစ်တပ်အာဏာသိမ်းတာကို ထောက်ခံဝန်းရံပြီး လူမှုကွန်ရက်တွေမှာဝါဒဖြန့်နေသူတွေ၊ စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးပေးမယ့် စစ်တပ်လော်ဘီ အနုပညာရှင်တွေအပါအဝင်  ၂၁ ယောက်နဲ့  အကူ ၁၂ ယောက်  စီးနင်းလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားအထက်တန်းတွဲ ကြမ်းခင်း ပေါက်ပြဲပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ […]

Most Read

2024-09-21 14:51:23