Breaking News >> News >> Democratic Voice of Burma


အမျိုးသမီးငယ်တဦးအား ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်


Link [2022-03-30 14:13:42]



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူအား ထားဝယ်ခရိုင်တရားရုံးကနေ မတ် ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ကနေ သိရပါတယ်။မဆောင်းနှင်းဖြူဟာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ဖို့ စောင့်ဆိုင်းနေသူဖြစ်ကာ ကလိန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက် နေအိမ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို KBZ Pay မှတဆင့် ငွေကြေးထောက်ပံ့တယ်လို့ ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲခံခဲ့ရပြီး အခုလို ထောင်ဒဏ်အမိန့် ချမှတ်ခံခဲ့ရတာလို့ မိသားစုဝင်တဦးက အတည်ပြုပြောပါတယ်။ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် […]

Most Read

2024-09-21 14:48:01