Breaking News >> News >> Democratic Voice of Burma


ဘန်ကောက်တွင် ရွှေဆိုင်ပိုင်ရှင်အား ဆေးခတ်ပြီး ရွှေထည်များခိုးယူသည့်ဝန်ထမ်း ဖမ်းဆီးခံရ


Link [2022-03-29 14:52:47]



ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရွှေဆိုင်ပိုင်ရှင်သားအမိ ၂ ယောက်ကို ဆေးခတ်ပြီး ရွှေတွေခိုးယူသွားခဲ့တဲ့ ဆိုင်ဝန်ထမ်းမိန်းကလေးအား ဖမ်းဆီးရမိပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မတ် ၂၈  ရက်မှာ သတင်းစာရှင်းပါတယ်။  အဆိုပါမိန်းကလေးမှာ အသက် ၂၅ နှစ်ရွယ်ရှိ ဖန်း ခေါ် ဆီလဒါး ဆိုသူဖြစ်ပြီး သူမဟာ ခိုးရာပါရွှေတွေကို ပြီးခဲ့တဲ့မတ် ၂၆ ရက်က ဘန်ကောက်နွဲ့နယ်မြေရှိ အခြားရွှေဆိုင်တဆိုင်မှာ သွားရောက်ရောင်းချစဉ် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဝင်‌ရောက်ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က ဘန်ကောက် ဘန်ခွန်ထိန်းနယ်မြေ ဆမဲဒမ်ရပ်ကွက်ရှိ ရွှေဆိုင်မှာ ဆိုင်ရှင်သားအမိ ၂ ယောက် ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံမှာ အိပ်ဆေးမိထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီနောက် ဆိုင်ကိုပြန်စစ်တော့ ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးနေလို့ စီစီကင်မရာပြန်ကြည့်ရာမှာ […]

Most Read

2024-09-21 14:37:15