Breaking News >> News >> Democratic Voice of Burma


ဆန်ရှင်ဆိုတာ ထိရောက်ရဲ့လား


Link [2022-03-29 14:52:47]



မြန်မာပြည်မှာ ဓားပြတွေ ကြီးစိုးနေတာ တနှစ်ကျော် ကြာပါပြီ။ အဲဒီအချိန်မှာ ကမ္ဘာကြီးက ဘာလုပ်နေသလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ကျနော်ကတော့ ကမ္ဘာကြီးက သူ့အလုပ်သူ လုပ်နေတယ်လို့ပဲ မြင်မိပါတယ်။ ကုလသမဂ္ဂက တံခါးဖွင့်လိုက်၊ တံခါးပိတ်လိုက် လုပ်ပါတယ်၊ အမေရိကန်က သူ့ဆီမှာတောင် အပြည့်အဝမရှိတဲ့ လူ့အခွင့်အရေးဆိုတာတွေကို တခြားနိုင်ငံတွေဆီ အတင်းထိုးရောင်းနေပါတယ်၊ တရုတ်က လူ့အခွင့်အရေး မရောင်းဘူး၊ လက်နက်တွေရောင်းပါတယ်။ ရုရှားကလည်း သူခိုးလက်ခံအလုပ်ကို လုပ်ပါတယ်၊ အာဆီယံက မြန်မာပြည်ထဲက ဓားပြ၊ သူခိုး၊ မှောင်ခိုအားလုံးဆီက တိုက်လို့ ခိုးလို့ရသမျှကို ဝှက်ပေးထားပါတယ်။ အိန္ဒိယကတော့ ကြောင်သူတော်ပါ။ ဓားပြ၊ သူခိုးတွေနဲ့ တိတ်တိတ်လေး အရောင်းအဝယ်လုပ်တယ်။ လူမိသွားရင် ပြန်ပေးတယ်။ ဩစတေးလျက နောက်ဖေးပေါက်ကဝင်ပြီး ဓားပြတွေဆီမှာ သူ့ပစ္စည်းလေးတွေ သွားပေါင်ထားတယ်။ လူမိတော့ အပေါင်ဆုံးမှာလည်း ကြောက်ရ၊ […]

Most Read

2024-09-21 14:34:13