Breaking News >> News >> Democratic Voice of Burma


မြဝတီအခြေစိုက်သတင်းထောက် ၁ ဦး အဖမ်းခံရ


Link [2022-03-29 03:12:58]



မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊  မြဝတီမြို့အခြေစိုက် သတင်းထောက်  ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်ကို မတ်လ ၂၈ ရက်မှာ  စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ ကိုမျိုးနောင်နောင်ဇော်ကို လက်ရှိ မြဝတီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး  သူ့ကို ဘာကြောင့် ဖမ်းဆီးတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာတော့ မသိရသေးပါဘူး။ မြဝတီမြို့မရဲစခန်း မြို့နယ်မှူးရဲ့ ညွှန်ကြားချက်နဲ့ ဖမ်းဆီးတာဖြစ်ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးဖို့ ညွှန်ကြားချက်ရှိလာရင်တော့ ပြန်လွှတ်ပေးမယ့် အစီအစဉ်ရှိတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံ ဒေသအနှံ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာဖြစ်ပြီး နယ်စပ် မြဝတီမြို့အခြေစိုက် သတင်းသမား တွေကိုဖမ်းဆီးတာ အခုပထမဆုံး ဖြစ်ပါတယ်။

Most Read

2024-09-21 14:32:27