စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာက နေအိမ်အချို့ကို မတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားပြီး ဘန့်ဘွေးရွာ၊ မကျေးရွာကို မီးရှို့ဖျက်ဆီးတာ ၃ ကြိမ်ရှိပြီဖြစ်ကာ နေအိမ် ၉ လုံးနဲ့ အခြားအဆောက်အဦအချို့ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဘန့်ဘွေးရွာ၊ မကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲနေတာ ၁ လကျော် ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြတဲ့ ပြည်သူတွေကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့နဲ့ မလာရောက်ပါက အိုးအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီတပ်ဖွဲ့က ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလို ပြောဆိုပြီးနောက်ပိုင်း ပြည်သူအနည်းငယ်သာ ပြန်လည်ဝင်ရောက်နေထိုင်လာခဲ့ပေမယ့် […]