Breaking News >> News >> Democratic Voice of Burma


ဘီးလင်းထွေအုပ်ရုံးနှင့် မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ဝန်ထမ်း ၅ ဦး ဒဏ်ရာရ


Link [2022-03-29 03:12:58]



မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဘီးလင်းမြို့မရဲစခန်း မတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်လောက်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို အမည်မသိအဖွဲ့က ဒရုန်းနဲ့ ဗုံးချိတ်ပြီး လာရောက် တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ဘီးလင်းမြို့နယ် ထွေအုပ်ရုံး ဝန်ထမ်း ၁ ဦးနဲ့ ကော်မရှင် ဝန်ထမ်း ၄ ဦး စုစုပေါင်း ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာပါ။ ထိခိုက်ဒဏ်ရာရှိခဲ့တာကြောင့် ဝန်ထမ်းတွေကိုတော့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘီးလင်းမြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်မှုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရဲစခန်း အဆောက်အဦ ခေါင်မိုးထိခိုက်ပျက်စီးခဲ့ပါတယ်။ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ […]

Most Read

2024-09-21 14:43:54