Breaking News >> News >> Democratic Voice of Burma


ဗန်းမော်မြို့ပေါ် ၃ နေရာ မိုင်းပေါက်ကွဲ


Link [2022-03-29 03:12:58]



ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ မတ် ၂၈ ရက်နေ့မနက် ၁၀ နာရီလောက်  မြို့ပေါ် သုံးနေရာမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မနက် ၈ နာရီ ပထမအကြိမ်ပေါက်ကွဲတဲ့ ဧည့်ရိပ်သာအနီးမှာတော့ ထိခိုက်သူမရှိပေမဲ့ ဒုတိယအကြိမ်နာရီစင်နား ပေါက်ကွဲမှုမှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ ထိခိုက်မှုရှိပြီးတော့ ရောဘတ် နှစ်ခြင်းဘုရားကျောင်းနားပေါက်ကွဲမှုမှာတော့ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ပထမအကြိမ်ပေါက်တုန်းကတော့ ထိတဲ့သူမရှိဘူးပြောတယ်၊ ဘုရားကျောင်းနားမှာပေါက်တာကတော့ လူထိတယ်‌၊ လမ်းသွားလမ်းလာ ထင်တယ်၊ အမျိုးသမီးတစ်ဦး ကတော့ ပွဲချင်းပြီဆုံးသွားတယ်၊ အဲမှာ ထိတဲ့သူများတယ်၊ ကားတွေကော၊ဆိုင်ကယ်တွေကော၊ တခြားပြည်သူတွေကောထိတယ်” လို့ ပြောပါတယ်။ မိုင်းပေါက်ကွဲပြီးနောက် လမ်းမကိုထွက်ကြည့်တဲ့ ရောဘတ်နှစ်ခြင်းဘုရားကျောင်းဝင်းထဲက စစ်ရှောင်လူငယ်တယောက် ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့  အမျိုးသမီးတဦးက ပြောပါတယ်။ “ဗုံးပေါက်တော့ […]

Most Read

2024-09-21 14:43:40