Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်ခရိုင်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ


Link [2022-03-29 03:12:58]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်စုပေါင်းရုံးမှာ မတ်လ ၂၇ ရက်မနက်က  တော်လှန်ရေးနေ့နဲ့ ဆေးရုံဖွင့်ပွဲကျင်းပဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၆ ရက် ည ၉ နာရီလောက်က  ဆရာစံ YMB-PDF တပ်ဖွဲ့ ၊ ရွှေတြိဂံ- PDF တပ်ဖွဲ့ နဲ့ ဒေသခံတွေပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၇ ရက် ညနေပိုင်း ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆရာစံ YMB-PDF တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ စစ်ကောင်စီက တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ်ပြောင်းလဲ သတ်မှတ်ထားတာကြောင့်  တပ်မတော်နေ့ကျင်းပလို့မရအောင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် […]

Most Read

2024-09-21 14:49:20