Breaking News >> News >> Democratic Voice of Burma


ကန်ပက်လက်တွင် တော်လှန်ရေးနေ့ စစ်ရေးပြလုပ်ရန် တန်းစီချိန် တိုက်ခိုက်ခံရ


Link [2022-03-28 15:33:14]



ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ မတ် ၂၇ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးနေ့ စစ်ရေးပြလုပ်ဖို့ တန်းစီချိန်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-ကန်ပက်လက်က ပြောပါတယ်။ ကန်ပက်လက်မြို့ထဲမှာ မနေ့က မွန်းတည့် ၁၂ နာရီလောက်က တော်လှန်ရေးနေ့ စစ်ရေးပြလုပ်ဖို့ တန်းစီနေတဲ့ စစ်ကောင်စီတပ်သားတွေကို CDF တပ်ဖွဲ့က နေရာယူပြီး ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် အချိန် ၃ နာရီလောက်ကြာအောင် တိုက်ပွဲအပြင်းထန်ဖြစ်ပွားကာ ညနေ ၃ နာရီလောက်မှာ CDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။ ကန်ပက်လက်မြို့ထဲမှာ မတ် ၂၆ ရက်ကလည်း […]

Most Read

2024-09-21 17:26:27