Breaking News >> News >> Democratic Voice of Burma


ယူကရိန်းစစ်စခန်းများကို ရုရှားက ဒုံးကျည်မျိုးစုံဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်


Link [2022-03-28 15:33:14]



ယူကရိန်းမြို့ကြီးတွေရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ရုရှားစစ်တပ်က တိကျသေချာတဲ့ အဆင့်မြင့်လက်နက်တွေနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။  ယူကရိန်းတောင်ဘက် မာရီယူပိုးလ်မြို့ကနေ မြောက်ဘက် ဆူမီဒေသအထိ ပစ်မှတ်ပေါင်း ၁၁၇ နေရာကို မနေ့က အမြောက်တွေနဲ့ ဆက်တိုက်ပစ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး အီဂေါ ကိုနာရှန်ကော့ဗ်က ပြောပြီး ဗီဒီယိုလည်း လွှင့်ထုတ်ခဲ့ပါတယ်။ ရုရှားက ပင်လယ်အခြေစိုက် 3M-54 Kalibr ခရုဇ် ဒုံးကျည်နဲ့ ယူကရိန်းမြောက်ဘက် စစ်အခြေစိုက်စခန်းကို ပစ်ခတ်ခဲ့ပြီး P-800 Oniks အသံထက်မြန်တဲ့ ဒုံးကျည်နဲ့  ယူကရိန်းတောင်ဘက် စစ်အခြေစိုက်စခန်းကို ပစ်တာပါ။  9K720 Iskander တာတိုပစ်ပဲ့ထိန်းဒုံးကျည်နဲ့ ယူကရိန်းဒုံးကာကွယ်ရေးစနစ်တွေကို ဖျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား မြေပြင်တိုက်ခိုက်ရေးတပ်တွေကတော့ ရှေ့မတိုးနိုင်ဘဲ ယူကရိန်းတို့ရဲ့ခုခုံမှုအောက်မှာ အလူးအလဲ ဖြစ်နေတာပါ။

Most Read

2024-09-21 17:04:44