Breaking News >> News >> Democratic Voice of Burma


မော်လ်တာနိုင်ငံ ပါလီမန်ရွေးကောက်ပွဲ လေဘာပါတီ သုံးကြိမ်ဆက်အနိုင်ရ


Link [2022-03-28 15:33:14]



မြေထဲပင်လယ်ကျွန်းနိုင်ငံ မော်လ်တာမှာ  မတ်လ ၂၇ ရက်က ကျင်းပတဲ့ပါလီမန်ရွေးကောက်ပွဲမှာ အာဏာရ လေဘာပါတီ အနိုင်ရရှိခဲ့ပါတယ်။  ဒါဟာ လေဘာပါတီအတွက်တော့ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိမှုဖြစ်ပြီး၊ အဓိကအတိုက်အခံ ဗဟိုလက်ယာ အမျိုးသားရေးပါတီက ရှုံးနိမ့်သွားကြောင့် ဝန်ခံပါတယ်။  အာဏာရလေဘာပါတီက ရွေးကောက်ပွဲမဲဆွယ်ရာမှာ စီးပွားရေးတိုးတက်မှုနဲ့ ကိုဗစ်-၁၉ အကျပ်အတည်း ကောင်းမွန်စွာစီမံနိုင်မှုကို အဓိကဦးစားပေး မဲဆွယ်ခဲ့တာပါ။ ကိုဗစ်လော့ခ်ဒေါင်းချထားချိန်အတွင်း စီးပွားရေးသမားတွေနဲ့ ပြည်သူတွေကို အစိုးရ ငွေကြေးထောက်ပံ့မှု အများအပြား လုပ်ခဲ့တာပါ။  မြို့တော် ဗဲလ်လက်တာနဲ့ အခြားမြို့တွေမှာ လေဘာပါတီထောက်ခံသူ အများအပြား အောင်ပွဲခံပြီး ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ရောဘတ် အဘီလာရဲ့ နာမည် “ရောဘတ်၊ ရောဘတ်” လို့ အော်ဟစ်ခဲ့ပါတယ်။  လေဘာပါတီဟာ ၂၀၁၃၊ ၂၀၁၇ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပြီး၊ ဒီနှစ်မှာလည်း […]

Most Read

2024-09-21 16:53:24