Breaking News >> News >> Democratic Voice of Burma


မိုးကုတ်တွင် စစ်တပ်က လူငယ် ၁ ဦးကို ဖမ်းဆီးပြီး ဆိုင်ကယ်အချို့ သိမ်းယူ


Link [2022-03-28 03:54:02]



မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်ထဲမှာ မတ် ၂၆ ရက်နေ့ည ၉ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေပြုလုပ်ပြီး လူငယ်တဦးကို ဖမ်းဆီးကာ ဆိုင်ကယ်အချို့ကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အရင်ဆုံးသေနတ်အရင်ဖောက်တယ်၊ အိမ်စီးကားတစီးနဲ့ ဆိုင်ကယ်တစီး အိမ်ရှေ့ထိလာပြီး ကလေးကို အိမ်စီးကားထဲ ထည့်ခေါ်သွားတယ်”လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က အရပ်ဝတ်နဲ့ လာရောက်ပစ်ခတ်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ ရပ်ကွက်အတွင်းက ဆိုင်ကယ်အချို့ကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်သားတွေဟာ မတ် ၂၆ ရက်နေ့က မြို့အဝင်အထွက်နဲ့ အချို့နေရာတွေမှာ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Most Read

2024-09-21 17:11:50