Breaking News >> News >> Democratic Voice of Burma


ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အချို့ပျက်စီး


Link [2022-03-28 03:54:02]



ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းကို မတ် ၂၇ ရက် မနက် ၂ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ လူသောမြို့နယ်အတွင်းက ဒေဘုနိုကျေးရွာ အထက်တန်းကျောင်းဝင်းဟောင်းနဲ့ ထီးလေးကွီးကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ဗုံးတစ်လုံးစီ လာရောက်ကြဲချခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ထီးလေးကွီးကျေးရွာသားတဦးက “လာရောက်ဗုံးကြဲတဲ့အချိန်မှာ ရွာသားတွေအကုန်လုံးက တိမ်းရှောင်နေတော့ ထိခိုက်တာမရှိဘူး။ လူမနေတဲ့အိမ်တွေနဲ့ ကျောင်းဆောင်တော့ ထိမှန်ပျက်စီးကုန်တယ်။ စစ်တပ်က အခုလိုလုပ်တာကတော့ အရပ်သားပြည်သူအပေါ် လူမဆန်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ် ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက […]

Most Read

2024-09-21 17:19:46