Breaking News >> News >> Democratic Voice of Burma


မုံရွာစီးပွားရေးတက္ကသိုလ် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရ


Link [2022-03-28 03:54:02]



စစ်ကိုင်းတိုင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် မတ်လ ၂၇ ရက်နေ့မနက်အစောပိုင်းက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ မုံရွာစီးပွားရေးတက္ကသိုလ်နဲ့နီးစပ်သူတဦးက “ဒီမနက် ၃ နာရီလောက်မှာ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကို လက်လုပ်စိန်ပြောင်းနဲ့ တိုက်ခိုက်ခံရတယ်။ တက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်။ လူတွေ ထိခိုက်မှုမရှိဘူး။ လိုင်းခန်းသွပ်မိုးနဲ့ မျက်နှာကြက်ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။ ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးသီး ၁ လုံးလည်း တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ မနက် ၇ နာရီလောက်မှာ လာရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကို လက်လုပ်စိန်ပြောင်းနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

Most Read

2024-09-21 17:27:21