Breaking News >> News >> Democratic Voice of Burma


နန်းမားမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ


Link [2022-03-28 03:54:02]



ကချင်ပြည်နယ်၊ နန်းမားမြို့နယ်၊  ဘုရားကြီးကွင်းကျေးရွာမှာ မတ် ၂၇ ရက်မနက်ပိုင်းက လက်နှက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နန်းမားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က မနက်အစောပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်  နန့်ရင်းချောင်းအနီးက ဘုရားကြီးကွင်းကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဒေသခံတဦးက “မနက် ၃ နာရီလောက်ကတည်းက စပစ်နေတာ။ အမြောက်တပ်က တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ပစ်နေတာ။ ဘုရားကြီးကွင်းကျေးရွာက ကလေးမ ပေါင်ကို လက်နက်ကြီး ကျည်မှန်ထားတယ်။ စိုးရိမ်ရတဲ့အနေအထားရှိတယ်” လို့ ပြောပါတယ်။ လက်နှက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၂၀ အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံးနဲ့ ဆိုင်ကယ်တစီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ် ၇ […]

Most Read

2024-09-21 17:07:23