Breaking News >> News >> Democratic Voice of Burma


ကျောက်ပန်းတောင်းမြို့နယ်က ယုံထောင်ဆရာတော် နှင့် ကပ္ပိယတို့ မီးရှို့သတ်ခံရ


Link [2022-03-28 03:54:02]



မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ယုန်ထောင်ဆရာတော်နဲ့ ကပ္ပိယတို့ကို အမည်မသိ လူတချို့က မတ် ၂၅ ရက်နေ့က သတ်ဖြတ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လူပေါင်း သိန်းချီပြီး အရက်ဖြတ်ပေးတာကြောင့် အရက်ဖြတ်ဘုန်းကြီးလို့  နာမည်ကြီးတဲ့ ယုန်ထောင်ဆရာတော်ဟာ ကျိန်းစက်တဲ့နေရာမှာ အသတ်ခံခဲ့ရတာလို့ ဆွမ်းချိုင့်သွားပို့တဲ့ ဒေသခံတဦးက ပြောပါတယ်။ “မနက်(၂၆ရက်)ကို ဆွမ်းသွားပို့တော့မှသိတာ၊ ကျောင်းကိုလည်း မီးရှို့ထားတယ်၊ ဘုန်းဘုန်းကျိန်းတဲ့ နေရာမှာပဲ အသတ်ခံရတာ၊ အလောင်းကမီးကျွမ်းနေပြီ။ ဆွမ်းချက်တဲ့ ဦးဘိုနီကြီးကတော့ ခြေထောက်ကို ၀ါယာကြိုးနဲ့ တုပ်ပြီးမှ သတ်သွားတာ၊ ဆွမ်းချက်ရုံထဲမှာပဲ အလောင်းကိုတွေ့တာ။ သူ့ကားတွေကို နဂါးရုံဘုရားနားကနေ ဂူအထိမောင်းယူသွားပြီး ၂ စီးကိုတော့ သူတရားထိုင်တဲ့ ဂူဘေးက ချောင်းချောက်ကြီးထဲကို တွန်းချသွားတယ်၊ တစီးကိုတော့ ပက်လက်လှန်သွားတယ်။”  ဆရာတော်ကို ဘယ်သူတွေက ဘာကြောင့် သတ်သွားတယ်ဆိုတာ […]

Most Read

2024-09-21 10:45:34