Breaking News >> News >> Democratic Voice of Burma


ရပ်မပေးဘဲမောင်းပြေးသည့် တရားမဝင်မြန်မာ ၁၅ ဦးပါကားကို ထိုင်းရဲလိုက်လံဖမ်းဆီး


Link [2022-03-27 11:53:24]



ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ပါ ကားတစီးကို ကင်းလှည့်တပ်ဖွဲ့က တားဆီးချိန်မှာ ရပ်မပေးပဲ မောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဆွိုင်ယော့ခ်ခရိုင်ထဲမှာ မတ် ၂၆ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ကြိုတင်သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့က အဆိုပါကားကို တားဆီးချိန်မှာ ရပ်မပေးဘဲ အရှိန်မြှင့် မောင်းပြေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ရဲကားတွေက လိုက်ခဲ့ချိန် လမ်းတနေရာမှာ အဆိုပါကားဟာ လမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကားထဲမှာတော့ မြန်မာအမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ပါဝင်ပြီး အသက် ၂၈ နှစ်အရွယ် ထိုင်းယာဉ်မောင်းအမျိုးသားတယောက်ကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ စစ်ဆေးမေးမြန်းချိန်မှာတော့ အဆိုပါ အမျိုးသားက သူ့ကို ဂေါ့ဖ်လို့ခေါ်တဲ့ […]

Most Read

2024-09-21 16:49:29