Breaking News >> News >> Democratic Voice of Burma


“တော်လှန်ရေးနေ့” အထိမ်းအမှတ် လောင်းလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ


Link [2022-03-27 11:53:24]



တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ကျရောက်တဲ့ မတ် ၂၇ ရက် (တော်လှန်ရေးနေ့) မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အမျိုးသမီးများ၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကျောင်းသူ/သားတွေနဲ့ လူငယ်တွေ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “တောင်းတန်မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံတွေ ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ်၊ မတ် ၈ ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာသား ဗိုလ်မှူးကြီးဗထူး ဦးဆောင်တဲ့ တပ်တွေက ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့ပြီး မတ် ၂၇ ရက်နေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေး စတင်ဆင်နွှဲခဲ့ပါတယ်။ အဲဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မတ် ၂၇ ရက်နေ့ကို “တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၉၅၅ ခုနှစ်အရောက်မှာတော့ အာဏာရှင် […]

Most Read

2024-09-21 16:47:24