Breaking News >> News >> Democratic Voice of Burma


ပေါင်းတည် သင်္ကြန်ပွဲကို လောင်းကစားဝိုင်းများထံမှ ငွေကောက်ခံကျင်းပရန်စီစဉ်


Link [2022-03-27 11:53:24]



အခုလာမယ့် ၂၀၂၂ သင်္ကြန်ပွဲတော်ကို  ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ကျင်းပဖို့အတွက်  သစ်သမားတွေနဲ့ လောင်းကစားဝိုင်းတွေထံကနေ ငွေကောက်ခံပြီး ကျင်းပဖို့ စီစဉ်နေတယ်လို့ ဒေသခံ စစ်ကောင်စီထွေအုပ် အသိုက်အဝန်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က  သင်္ကြန်ပွဲတော်ကိစ္စနဲ့ ပတ်သက်လို့  ဌာနဆိုင်ရာပေါင်းစုံခေါ်ပြီး အစည်းအဝေးကျင်းပခဲ့ပါတယ်။ ပေါင်းတည်မြို့ခံ တယောက်က “သူတို့က အစည်းအဝေးမတိုင်ခင်ကတည်းက ပြည်ကိုသွားပြီး တီးဝိုင်းသွားငှားတယ်။ ရ မရတော့မသိဘူး။ ရပ်ကွက်ထဲမှာလည်း ခါတိုင်းလိုငွေကောက်တာတော့မရှိသေးဘူး၊ ဒါပေမဲ့ သစ်သမားတွေထံကတော့  မဏ္ဍပ် တခုလုံးစာတို့ ဘာတို့အတွက် အလှူခံထားတယ်လို့ကြားတယ်၊ ကျန်တာတော့ နှစ်လုံးသုံးလုံးနဲ့ လောင်းကစားဝိုင်းတွေကနေ လှည့်တောင်းဦးမှာပေါ့။ အခုကလည်း စစ်အာဏာသိမ်းပြီးကတည်းက  ပေါင်းတည်မှာ လောင်းကစားဝိုင်းတွေ တရား၀င်လုပ်ခွင့် ရနေသလိုပဲ။ ကြက်၊ ဖဲ ၊ ဂျင်၊ ဂျူံးဂျူံးကျ အစုံပဲ […]

Most Read

2024-09-21 17:21:11