Breaking News >> News >> Democratic Voice of Burma


ယူကရိန်းစစ်ဘေးရှောင်များကို ပီအက်စ်ဂျီဂိုးသမား နာဗက်စ် နေအိမ်တွင် ခိုလှုံခွင့်ပေးထား


Link [2022-03-27 11:53:24]



ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ဟာ ယူကရိန်း စစ်ဘေးရှောင်တွေကို ပြင်သစ်က သူ့ရဲ့နေအိမ်မှာထားပြီး ခိုလှုံခွင့်ပေးထားပါတယ်။  ရုရှားရဲ့ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းပြည်သူသန်းပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘေးလွတ်ရာနိုင်ငံတွေမှာ သွားရောက်ခိုလူံခဲ့ရပါတယ်။  ကော်စတာရီကာနဲ့ ပီအက်စ်ဂျီဂိုးသမားနာဗက်စ်ကတော့ ယူကရိန်းစစ်ဘေးရှောင်ပြည်သူ အယောက် ၃ဝ ဦးကို ကူညီပြီး နေအိမ်မှာ ခိုလှုံခွင့်ပေးခဲ့တာပါ။  ဂိုးသမားနာဗက်စ်ဟာ စစ်ရှောင်ပြည်သူ ၃၀ ဦးအတွက် အိပ်ရာခင်း ၃၀ ကိုဝယ်ယူခဲ့သလို အဝတ်အစားနဲ့ စားသောက်ဖွယ်ရာတွေအတွက်လည်း ကူညီပေးခဲ့ပါတယ်။  နာဗက်စ်ရဲ့ ဇနီးဖြစ်သူ အန်ဒရီယာဆာလက်စ်ကလည်း ယူကရိန်းစစ်ဘေးရှောင်တွေအတွက် ကူညီမှုကြဖို့ ဆိုရှယ်မီဒီယာကနေ တိုက်တွန်းခဲ့ပါတယ်။  အသက် ၃၅ နှစ်ရှိ ဂိုးသမားနာဗက်စ်ဟာ လက်ရှိအချိန်မှာတော့ ကော်စတာရီကာအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ သွားရောက်ကစားနေပါတယ်။ ကော်စတာရီကာအသင်း ဟာသောကြာ နေ့ကပွဲစဉ်မှာ ဇယားထိပ်ဆုံးက ကနေဒါကို အနိုင်ရပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပါ တယ်။ 

Most Read

2024-09-21 17:19:46