Breaking News >> News >> Democratic Voice of Burma


နတ်မောက်မြို့နယ်၌ ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်း


Link [2022-03-26 23:01:14]



မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မတ်လ ၂၆ ရက် မနက်က  ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့  PDF ရဲဘော် ၂ ယောက်ဖမ်းဆီး ခံလိုက်ရတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သားအင်အား ၁၂ ယောက်လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာမှာ  ရဲဘော် ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။ “စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေနဲ့ လာကြတာဗျ။ သူတို့စီးလာတဲ့ ဆိုင်ကယ်တွေကို တနေရာမှာထားပြီး ခြေလျင်ဝင်ဖမ်းသွားတာ။ အဓိကတော့ သတင်းပေး ဒလန်တွေက နေရာအတိကျနဲ့ သတင်းပေးလို့ ရဲဘော်ကံကောင်းနဲ့ ခန့်ခန့်တို့ နှစ်ယောက်အဖမ်းခံခဲ့ရတာ။ အဲဒီစခန်းမှာက ကျနော်တို့ဆီက ရဲဘော်တွေကို လူခွဲပြီး ယာယီစခန်းချနေထိုင်တာ၊ ရဲဘော် ၂ ယောက်တည်းရှိတဲ့အချိန်မှာ […]

Most Read

2024-09-21 17:19:32