Breaking News >> News >> Democratic Voice of Burma


မိုးကုတ်မြို့၊ အောင်ချမ်းသာကျောင်းတွင် ဗုံးကွဲ


Link [2022-03-26 23:01:14]



မန္တလေးတိုင်း၊ မိုးကုတ်မြို့က အောင်ချမ်းသာစာသင်ကျောင်းမှာ မတ် ၂၆ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “စာမေးပွဲဖြေနေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့လာဖောက်တာထင်တယ်။ ကျောင်းက စကားဝါဆောင်နားမှာ ကွဲတာ၊ ထိခိုက်တာမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ကျောင်းအနီးတစ်ဝိုက် စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောင်ချမ်းသာကျောင်းမှာ အလယ်တန်းစာမေးပွဲတွေကို မတ် ၁၇ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကျောင်းဝင်းအတွင်းမှာ စစ်ကောင်စီတပ်က စစ်သားတွေ အစောင့်အရှောက် ရှိနေတယ်လို့လည်း သိရပါတယ်။  မိုးကုတ်မြို့မှာ အခုနှစ်စာသင်နှစ် ကျောင်းတက်သူဦးရေ နည်းပါတာကြောင့် ကျောင်း ၄ ကျောင်းက ကျောင်းသားတွေကို တစ်ကျောင်းတည်း  စာသင်ကြားခဲ့တာလို့  သိရပါတယ်။

Most Read

2024-09-20 21:41:34