Breaking News >> News >> Democratic Voice of Burma


တောင်ကြီးမြို့တွင် ပရဟိတလူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီး


Link [2022-03-26 23:01:14]



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အာယုပါလသွေးလှူရှင်အသင်းက ပရဟိတလူငယ် ၆ ယောက်ကို  စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်နေ့မှာ  ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။ ပရဟိတ လူငယ် ၆ ယောက်ဟာ  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို သွားရောက်လှူဒါန်းခဲ့ပြီး အပြန်လမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ် (PNO) တို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ် ပါတယ်။ ဖမ်းဆီးခံရသူ‌တွေကတော့  အာယုပါလသွေးလှူရှင် အသင်းခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နဲ့ တခြား လူငယ် ၂ ဦးတို့ ဖြစ်ပါတယ်။ ပရဟိတလူငယ် ၆ ဦးကို ဘာကြောင့် ဖမ်းဆီးထားတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘာအမှုနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့  မသိရှိရသေးဘဲ မိသားစုဝင်တွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။

Most Read

2024-09-21 17:10:33