Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့နယ်ရှိ ကရင်ရွာထဲသို့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ


Link [2022-03-26 23:01:14]



ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၅၀ ကျော်လောက်မှာရှိတဲ့  ကရင်ရွာလေးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ မတ်လ ၂၆ ရက် မနက် အစောပိုင်း ၁ နာရီလောက်က လာရောက်ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်တချို့ ပျက်စီးသွားပါတယ်။ ညသန်းခေါင်အချိန်လောက်မှာ တိုက်လေယာဉ် နှစ်စီး ရောက်လာပြီး အို့ကရစ်ခီးရွာကို ဗုံးသီးကြီး ၂ လုံးကြဲချရာမှာ တစ်လုံးက မပေါက်ကွဲဘဲရှိနေပြီး နောက်ထပ်တစ်လုံးကတော့ ပေါက်ကွဲသွားလို့ ရွာသားတွေရဲ့ နေအိမ်ဘေးကို ဗုံးဆန်တွေထိမှန်သွားပါတယ်။  အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး KNLA တာဝန်ရှိသူက “ဗုံးပေါက်ကွဲတဲ့အတွက် မြေကြီးက ရေကန်လိုဖြစ်သွားတယ်။ နောက် နှစ်လုံးကတော့ တဝေါ်သောရွာ(ရွာသစ်) မှာ နှစ်လုံး စလုံးပေါက်ကွဲသွားပါတယ်။ စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ညသန်းခေါင်ယံ လာရောက်ဗုံးကြဲတာဟာ မသင့်တော်ဘူးလို့ […]

Most Read

2024-09-21 17:24:07