Breaking News >> News >> Democratic Voice of Burma


ဖရူဆိုမြို့နယ်၌ ခမရ- ၄၂၈ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်


Link [2022-03-26 23:01:14]



ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ အခြေစိုက်တဲ့ ခမရ- ၄၂၈ တပ်စခန်းကို  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  မတ် ၂၆ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်က  ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF-Hpruso)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF BO -4)တို့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ (PDF-Hpruso) က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်ချိန်ဟာ တစ်နာရီကျော်ကြာခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့ကာ PDF- Hprusoနဲ့ တခြားမဟာမိတ်အဖွဲ့ တွေမှာ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။  ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူ အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က […]

Most Read

2024-09-21 17:05:54