Breaking News >> News >> Democratic Voice of Burma


ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသူ ၆ ဦး ရေနစ်သေဆုံး ၊ ၅ ဦးအလောင်း ပြန်ဆယ်ရရှိ


Link [2022-03-26 13:41:17]



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ အမှတ် ၁၃ ဖောင်ဆိပ်မှာ မတ်လ ၂၅ ရက်က ဧရာဝတီမြစ်အတွင်းရေဆင်းချိုးတဲ့ မိသားစု ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦး ရေနစ်သေဆုံးခဲ့ပြီး ၅ ဦးအလောင်းကိုသာ ကယ်ဆယ်ရသေးတယ်လို့  ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒေသခံတစ်ဦးက”မီးမလာလို့ ပခုက္ကူဖောင်ဆိပ်မှာ ရေသွားချိုးရင်းကနေ  ဖြစ်တာ။ ဖြစ်စဥ်အနီးတစ်ဝိုက်မှာ လူသိပ်မရှိဘူး။ အခုက တစ်ဦးကို တစ်ဦးကယ်ရင်းနဲ့ ဖြစ်သွားတယ်လို့ သုံးသပ်နေကြတယ်”လို့ ဆိုပါတယ်။  ရေနစ်ပြီးနောက်မှ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီး အလောင်းလိုက်ဆယ်ရပြီး မတ်လ ၂၅ ရက် ညနေပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပေမယ့် အလောင်း ၅ လောင်းသာ ပြန်ဆယ်ရတယ်လို့ သိရပါတယ်။ “သူတို့မနေ့ညကထိတော့ ရှာနေကြတယ်။ လင်မယား နှစ်ယောက်ရယ်၊ အလုပ်သမား နှစ်ယောက်ရယ်၊ သားနှစ်ယောက်ရယ်  စုစုပေါင်း […]

Most Read

2024-09-21 16:59:16