Breaking News >> News >> Democratic Voice of Burma


ပြည်နယ် ၄ ခုရှိ အိမ်ထောင်စုပေါင်း ၄၆၀၀၀ အတွက် ငွေသားအထောက်အပံ့ ပေးအပ်


Link [2022-03-26 13:41:17]



ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT)တို့ လက်တွဲပြီးပြည်နယ်လေးခုက အိမ်ထောင်စုပေါင်း ၄၆,၀၀၀ အတွက် ငွေသားအထောက်အပံ့ကို မကြာသေးမီက ပေးအပ်ခဲ့တယ်လို့ LIFT Myanmar က ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့အတွင်း ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသ‎တွေက နေရပ်စွန့်ခွာနေထိုင်နေရသူတွေနဲ့  ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေအပါအဝင် အိမ်ထောင်စုပေါင်း ၄၆,၀၀၀ ကျော်ကို WFP ရဲ့ နည်းပညာအကူအညီနဲ LIFT က တစ်ကြိမ်တည်း ငွေသားပံ့ပိုးမှု ၆၅,၀၀၀ ကျပ် (၃၆ ဒေါ်လာခန့်) ကို မကြာသေးမီက ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီငွေသားပံ့ပိုးမှုက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘဝရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်ခဲ့ကြရတဲ့ မိသားစုတွေအတွက် အဓိကရည်ရွယ် ပေးအပ်တာဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု […]

Most Read

2024-09-21 16:52:14