Breaking News >> News >> Democratic Voice of Burma


ဖျက်ပစ်ခံရသည့်မြေနီကုန်းတံတားက ပန်းချီကဲ့သို့ နောက်ထပ်ပန်းချီ ပုံတူ ဆွစ်ဇလန်တွင် ရေးဆွဲ


Link [2022-03-26 13:41:17]



ရန်ကုန်၊ မြေနီကုန်းတံတားမှာ  စစ်ကောင်စီက ဖျက်ဆီးပစ်ခဲ့တဲ့ နံရံဆေးရေးပန်းချီအတွက် ဒိထက် ပိုကြီးတဲ့ ပန်းချီတခုကို မြန်မာအမျိုးသမီးပန်းချီပညာရှင်တယောက်က ဆွစ်ဇာလန်နိုင်ငံမှာ ရေးဆွဲလိုက်ပါတယ်။ မြန်မာပန်းချီပညာရှင်တယောက်ဖြစ်တဲ့ ခြူးဝေငြိမ်းက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က အိမ်နံရံ တခုမှာ ရေးဆွဲထားတာပါ။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာမှာ သုံးစွဲတဲ့ သင်္ကေတ လက်သုံးချောင်းထောင်ထားတဲ့ လူတယောက်ပုံကိုရေးဆွဲထားတာဖြစ်ပြီး “မြန်မာပြည်အတွက် နံရံပန်းချီ။ သူတို့က နံရံပန်းချီတွေ ဖျက်ပစ်တယ်၊ ကိုယ်ကလဲ ပိုကြီးတဲ့တခု ထပ်ဆွဲလိုက်တယ်။ 52x 62 ပေ အကျယ်ရှိတဲ့ နံရံအပြည့်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်က မြေနီကုန်း လူကူးခုံးတံတားနံရံမှာ ရေးဆွဲထားတဲ့ ဂရပ်ဖစ်တီဆေးရေးပန်းချီကားကို စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာအဖွဲ့က ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဆေးအဖြူသုတ်ဖျက်ဆီးပစ်ခဲ့ပြီး လူတွေက ဖေ့စ်ဘွတ်ခ်မှာ […]

Most Read

2024-09-21 17:17:46