Breaking News >> News >> Democratic Voice of Burma


စစ်အုပ်စုဆက်နွှယ်သူ ၅ ဦးနှင့် လုပ်ငန်းအဖွဲ့အစည်း ၅ ခုတို့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်


Link [2022-03-26 13:41:17]



အာဏာသိမ်း စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံသား လူပုဂ္ဂိုလ် ၅ ယောက်နဲ့ စစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့ လုပ်ငန်း/အဖွဲ့အစည်း ၅ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အ ရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်းနဲ့ ကိုကိုဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။  ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကယားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ “ခရစ္စမတ်အကြိုနေ့ အစုအပြုံလိုက်လူသတ်မှု”နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံတပ် တမခ (၆၆)ကိုလည်း မြန်မာနိုင်ငံမှာ ပြည်သူတွေကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ယူမှုရှိစေဖို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့ စာရင်းသွင်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစီးပွားရေးခေါင်းဆောင်တွေပိုင်ဆိုင်တဲ့  Myanmar Chemical & […]

Most Read

2024-09-21 17:18:31