Breaking News >> News >> Democratic Voice of Burma


ကလေးမြို့မှ ထွက်မည့် ကားများကို စစ်‌ကောင်စီ ပိတ်ပင်တားဆီး


Link [2022-03-26 13:41:17]



စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေဆီ ထွက်မယ့် ကုန်တင်နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို မတ် ၂၆ ရက်ကစပြီး စစ်ကောင်စီဘက်က ပိတ်လိုက်တယ်လို့ ယာဉ်လိုင်းတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ ကလေးဝ-မဟာမြိုင်လမ်းကို ယာယီပိတ်ထားတယ်လို့ သိရပြီး ဘာကြောင့် ပိတ်တယ်၊ ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးဘူးလို့  ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။ ကလေး-ဂန့်ဂေါလမ်း၊ ရာကြီးလမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး အရင်နှစ်လယ်ပိုင်းထဲက အသုံးပြုမရတာကြောင့် ခရီးသည်နဲ့ ကုန်တင်ယာဉ်တွေဟာ ကလေးဝ-မဟာမြိုင်လမ်းကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။ ကလေးလေကြောင်းခရီးစဉ်ကိုလည်း အရင်နှစ်ဒီဇင်ဘာကတည်းက အခုချိန်ပိတ်ထားဆဲဖြစ်ပါတယ်။

Most Read

2024-09-21 17:01:01