Breaking News >> News >> Democratic Voice of Burma


လက်နက်များရပါက ယူကရိန်းက စစ်ပွဲနိုင်ခြေများဟု သမ္မတဇလန်းစကီး၏ ရုံးအဖွဲ့မှူးပြော


Link [2022-03-26 13:41:17]



နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးကို  စိတ်ပျက်မိကြောင်း ယူကရိန်းသမ္မတရဲ့  ရုံးအဖွဲ့မှူး အန်ဒရေ ယာမတ်ကပြောကြားလိုက်ပြီး  သူတို့တောင်းဆိုတဲ့ လက်နက်တွေသာ နေတိုးက ပေးနိုင်ခဲ့ရင် ယူကရိန်းဟာ စစ်ပွဲနိုင်ဖို့ အခွင့်အရေးအလွန်များတယ်လို့  ပြောပါတယ်။  အန်ဒရေယာမတ်က “ရိုးရိုးသားသား ပြောရရင် နေတိုးကို စိတ်ပျက်တယ်။ သူတို့တွေက စစ်ပွဲမရှိသလို ဆုံးဖြတ်နေတယ်။ ကျနော်တို့ တောင်းထားတဲ့ လက်နက်တွေသာရရင် ဒီစစ်ပွဲနိုင်ဖို့ အများကြီး အလားအလာကောင်းတယ်” လို့ ပြောပါတယ်။  လတ်တလော ရုရှားက သူ့ရဲ့ စစ်ရေးပန်းတိုင်တွေကို လျှော့ချလိုက်ပြီး စစ်ဆင်ရေး ပထမ အဆင့်အဖြစ် ဒွန်းဘတ်စ်ဒေသကိုပဲ လုံးဝအသေချာသိမ်းပိုက်မယ်လို့ ပြောပါတယ်။  ရုရှားတပ်တွေ အကျအဆုံး များနေတာကြောင့် စစ်ရေးပန်းတိုင်ကို ပြောင်းလိုက်ရတာပါ။

Most Read

2024-09-21 17:19:31