Breaking News >> News >> Democratic Voice of Burma


မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေသည့် လူပုဂ္ဂိုလ်၂ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူခံရ


Link [2022-03-26 01:42:53]



မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ လက်နက်ရောင်း၀ယ်ဖောက်ကားသူတွေနဲ့  ကုမ္ပဏီတွေကို ယူကေအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်လိုက်တယ်လို့  ယူကေသံရုံးက မတ်လ ၂၅ ရက် ဒီကနေ့ည ထုတ်ပြန်ပါတယ်။ မြန်မာစစ်အာဏာရှင်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့ လူပုဂ္ဂိုလ် နှစ်ယောက်နဲ့  ကုမ္ပဏီ သုံးခုတို့ကို   ယူကေအစိုးရက အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ  ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပြီး ပိတ်ဆို့ အရေးယူလိုက်တာလို့ဆိုပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေကတော့ လက်နက်ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ဆောင်ရွက်သူတွေဖြစ်တဲ့ ဒေါက်တာအောင်မိုးမြင့်နဲ့ အောင်လှိုင်ဦးတို့ကို  ယူကေနိုင်ငံသို့  ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း  ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နဲ့ […]

Most Read

2024-09-21 16:47:25