Breaking News >> News >> Democratic Voice of Burma


မဲဆောက်ဈေးတွင် မြန်မာအမျိုးသမီး ၁ ဦး ရွှေဆွဲကြိုး လုယက်ခံရ


Link [2022-03-26 01:42:53]



ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲ့  ဈေးကြီးအတွင်းမှာ ဈေးသည် မြန်မာအမျိုးသမီး တဦးအား အမျိုးသားတဦးက သေနတ်ထောက်ပြီး ရွှေဆွဲကြိုးလုယက်မှု မတ်လ ၂၅ ရက် နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ရွှေဆွဲကြိုးလုယက်ခံရသူဟာ  အသက်၂၂ နှစ်အရွယ် မသီတာအေး  ဖြစ်ပြီး ထိုင်းရဲကို တိုင်ကြားခဲ့တဲ့အတွက် လုယက်သူကို ဖမ်းဆီးရမိရေး  မဲဆောက်မြို့မရဲစခန်း ရဲမှူးကြီး နိုင်းမွန်းစကယောက်အွန်က အထူးရဲနဲ့ လှည့်ကင်းရဲတွေကို ညွှန်ကြားခဲ့ပါတယ်။ မကြာခင်မှာဘဲ အခင်းဖြစ်ပွားရာနေရာကို  ရဲတပ်ဖွဲ့ရောက်ရှိပြီး စစ်ဆေးတဲ့အခါ လူယက်သူဟာ ၂ ဦးဖြစ်ပြီး  တဦးက အမျိုးသမီးဖြစ်ကာ  မိနစ်ပိုင်းမှာဘဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။  လုယက်သူအမျိုးသားဟာ ဆိုင်ခန်းထဲဝင်လာပြီး အထွက်မှာ သေနတ်ထောက်ကာ ၂ ကျပ်သားရွှေဆွဲကြိုးကို လုယူတာဖြစ်ကြောင်း လုယူတဲ့အချိန်မှာ ဆွဲကြိုးကတစ်ပိုင်းပြုတ်သွားတယ်လို့  မသီတာအေးရဲ့ ထိုင်းရဲထံ တိုင်ကြားချက်အရ သိရပါတယ်။ သေနတ်ထောက်ပြီး ရွှေဆွဲကြိုးလုယူသွားတဲ့ […]

Most Read

2024-09-21 17:22:51