Breaking News >> News >> Democratic Voice of Burma


ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာတွင် သက်ကြီးရွယ်အိုများကို စစ်ကောင်စီတပ် ရိုက်နှက်


Link [2022-03-26 01:42:53]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာက သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က မတ် ၂၄ ရက် ည ၇ နာရီကျော်လောက်မှာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က  အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ကင်းပြစ်ရွာထဲကို ဝင်ရောက်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ ဒေသခံ ကင်းထောက်သမားတဦးက “ကျနော်တို့ လူငယ်၊ လူလတ်နဲ့ ပြေးနိုင်လွှားနိုင်သူတွေကတော့ သူတို့ စစ်ကောင်စီတပ်တွေ မလာခင်ကတည်းက ရှောင်နေကြတယ်။ သူတို့ ညနေ ရွာထဲဝင်လာပြီး မပြေးနိုင်ဘဲ ရွာထဲကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်နေတာတွေ လုပ်နေတယ်ဗျ။ ဘယ်လိုသိရတာလဲဆိုတော့ ကျနော်တို့ ကင်းထောက်တွေ ချထားတယ်။ ရွာထဲက အော်သံတွေလည်း အတိုင်းသား ကြားနေရတာ ဆရာရေ။ အထူးသဖြင့် […]

Most Read

2024-09-21 17:21:35