Breaking News >> News >> Democratic Voice of Burma


ပင်းတယမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ


Link [2022-03-26 01:42:53]



ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို မတ် ၂၄ ရက် ည ၁၂ နာရီလောက်က ရွာငံ မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)  နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ ၂ တို့ပူးပေါင်းပြီး  မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် ၃ ခုကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ပြီလို့ TPDF တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြန်ကျဆုံးရေးအတွက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နဲ့ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ထံ ပေးပို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Most Read

2024-09-21 20:46:45