Breaking News >> News >> Democratic Voice of Burma


တပိုင်းတစ မအလရဲ့ မာရဝိဇယ


Link [2022-03-24 14:33:15]



ကျုပ်တို့နိုင်ငံမှာ မင်း၊ ဘုရင်၊ ခေါင်းဆောင် ဖြစ်လာရင်.. မဖြစ်မနေ ဘုရားတည်ရမယ်လို့များ သတ်မှတ် ပြဋ္ဌာန်းထားလားသလား မပြောတတ်ပါဘူး။ ခေတ်အဆက်ဆက် မင်းတွေ၊ ဘုရင်တွေ၊ ခေါင်းဆောင်တွေက ဘုရားတွေ တည်ခဲ့ကြတာကိုးဗျ…။ ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ နိုင်ငံလေ..။ ဒီတော့ ဘုရားတည်ကြတာက ယုံကြည်မှုသဒ္ဓါထက် ပြည်သူတွေကို စည်းရုံးချင်လို့ ထင်ပါရဲ့ဗျာ.. လွန်တာရှိ ဝန္ဒာမိပါရဲ့…။ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းပဲ ပြောကြရအောင်ပါ။ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနုကလည်း ကမ္ဘာအေးစေတီ တည်ခဲ့သဗျ။ ဆဋ္ဌသင်္ဂါယနာတင်တဲ့ သာသနာ့ဒါယကာ ခံယူချင်လို့.. သင်္ဂါယနာတင်ဖို့ ပါသဏလှိုဏ်ဂူတော်ကြီးကိုလည်း တည်ဆောက်ခဲ့သဗျ။ ဒါပြင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့လို့ KIA ဆိုတဲ့ လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့အစည်း ပေါ်ပေါက်ခဲ့ရတယ် မဟုတ်လား။ နောက်တော့ […]

Most Read

2024-09-21 20:07:18