Breaking News >> News >> Democratic Voice of Burma


နယ်ခြားစောင့်ရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ


Link [2022-03-24 14:33:15]



နယ်ခြားစောင့် ရဲတပ်သားတယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာပြီး ဒီကနေ့ မတ် ၂၄ ရက်မှာတော့ လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force (Saw & Kyaukhtu)  အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကိုယ်ပိုင်အမှတ် လ/ ၂၅၂၆၂၃ ၊ နယ်ခြားစောင့်ရဲတပ်သား ကိုသန့်ဇင်ကိုဟာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်က တာဝန်က ရပ်နားပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့တာကြောင့် ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပြီး ခုလိုပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် နောင်မှာလည်း စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နဲ့ တကွ အဖွဲ့ဆီ ဆက်သွယ်ဝင်ရောက်လာရင်လည်း ထိုက်တန်တဲ့ ဆုကြေးငွေပေးအပ်ပြီး ခုလိုပဲ လွတ်မြောက်နယ်မြေ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။ […]

Most Read

2024-09-21 20:14:20