ရုရှားရဲ့ ယူကရိန်းကို ဆက်လက်ကျူးကျော် တိုက်ခိုက်နေမှုအတွက် နေတိုး၊ G7၊ အီးယူအဖွဲ့ ခေါင်းဆောင်တွေနဲ့ အရေးပေါ် ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို မတ် ၂၃ ရက် ညက စတင်ရောက်ရှိလာပါတယ်။ ဘရပ်ဆဲလ်မြို့မှာ နေတိုးအဖွဲ့၊ ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ပိုလန်နိုင်ငံကိုသွားရောက်ကာ သမ္မတ အန်ဒရီ ဒူဒါနဲ့ တွေ့ဆုံမှာပါ။ သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၄ ရက်နေ့ နေတိုးအဖွဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံ ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားလုပ်ငန်းတွေ ပိတ်ဆို့မယ့်စာရင်းကို သမ္မတ ဘိုင်ဒင် ကြေညာလိမ့်မယ်လို့ အိမ်ဖြူတော်က သတင်းသမားတွေကို ပြောပါတယ်။ ရုရှားက ကျူးကျော်စစ်စခဲ့တာ […]